tdrfokH;vsSyfppfypönf;awGudk
tGefvdkif;uae avSsmufMu&atmif
Rent 2 Own ကနေ အိမ်သုံးလျှပ်စစ်ပစ္စည်းများဖြစ်တဲ့ တီဗွီ ၊ ရေခဲသေတ္တာ ၊ အဝတ်လျှော်စက် ၊မိုက်ခရိုဝေ့ဗ် ၊ အဲယာကွန်း ၊ ရေပူရေအေးစက် ၊ Air Cooler ၊ Oven ၊ Audio Products အစရှိတဲ့ပစ္စည်းများကိုလည်း လစဉ်ပေးစနစ်ဖြင့် ဝယ်ယူနိုင်ပါပြီ။
ပုံငွေဘယ်လောက်ထိသွင်းလို့ရလဲ?
မိမိဝယ်ယူတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းပေါ်မူတည်ပြီး ပုံငွေကို ၃၀% မှ ၈၀% ထိ သွင်းနိုင်အောင်စီစဉ်ပေးထားပါတယ်။ မိမိအဆင်ပြေမယ့်ပမာဏကို ရွေးချယ်ပေးသွင်းနိုင်ပြီး လစဉ်ပေးသွင်းရမည့်ကာလအားဖြင့် ၆လ ၊ ၉လ ၊ ၁၂လ စသည်ဖြင့်အရစ်ကျပေးချေနိုင်ပါသည်။
လျှောက်ထားဖို့ ဘာစာရွက်စာတမ်းတွေလိုအပ်လဲ?
(၁) မှတ်ပုံတင် (မူရင်း)
(၂) သန်းခေါင်စာရင်း (မူရင်း)
(၃) ရပ်ကွက်ထောက်ခံစာ
(၄) အိမ်သုံးအခွန်စာရွက်တစ်မျိုးမျိုး
(ဥပမာ-အနီးစပ်ဆုံးလအတွက် ပေးဆောင်ပြီးသောမီတာခွန်၊ ရေခွန်၊စသည်...)
* မှတ်ချက် *
ရပ်ကွက်ထောက်ခံစာ မတင်ပြနိုင်ပါက ထောက်ခံသူ ၂ ဦး၏
(၁) မှတ်ပုံတင် (မူရင်း)
(၂) သန်းခေါင်စာရင်း (မူရင်း) တင်ပြရန်လိုအပ်ပါသည်။
ဘယ်မြို့နယ်တွေမှာ လျှောက်လို့ရလဲ?
ရန်ကုန်တိုင်းဒေသကြီး အတွင်းက Rent 2 Own ရုံးခွဲများမှာ မည်သူမဆို လွယ်ကူ လျင်မြန်စွာ သွားရောက်လျှောက်ထားနိုင်ပါတယ်။ ဒါ့အပြင်မိတ်ဆွေတို့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အကျိုးရှိစွာအသုံးချနိုင်ဖို့ အွန်လိုင်းကနေလျှောက်ထားနိုင်အောင်လည်းစီစဉ်ပေးထားပါတယ်။
အွန်လိုင်းကနေဘယ်လို လျှောက်ရမလဲ?
အွန်လိုင်းကနေလျှောက်ထားလိုတယ်ဆိုရင်တော့ လိုအပ်တဲ့အချက်အလက်များကိုအောက်ပါဖောင်တွင်ဖြည့်စွက်ကာစာရင်းပေးသွင်းနိုင်ပါပြီ။ ဖောင်ဖြည့်စွက်စာရင်းသွင်းပြီးပြီဆိုရင်တော့ Rent 2 Own မှလူကြီးမင်းထံသို့ တစ်နာရီအတွင်းဖုန်းပြန်လည်ခေါ်ဆိုပေးပြီး လူကြီးမင်း၏ လျှောက်လွှာကိုအတည်ပြုပေးမှာ ဖြစ်ပါတယ်။ပြီးရင်တော့နီးစပ်ရာ Rent 2 Own ရုံးကိုသွားရောက်ပြီးလျှပ်စစ်ပစ္စည်းထုတ်ယူရုံပါပဲ။ လွယ်ကူမြန်ဆန်လို့အခုပဲလျှောက်ထားလိုက်တော့နော် ...။