
realme ချစ်သူများအတွက် အထူးအစီအစဉ်
realme fan တွေအတွက် Rent2Own x realme လက်တွဲမှုအထူးအစီအစဉ်တရပ်အနေနဲ့ realme ရဲ့ အရည်အသွေးမြင့်ပြီး စွမ်းဆောင်ရည် ကောင်းတဲ့ realme C85 4G နဲ့ realme 15T ဖုန်းမော်ဒယ် ၂မျိုးကို ကနဉီးပေးသွင်းငွေအနည်းငယ်ပေးသွင်းပြီး 0% Admin fees (စာရွက်စာတမ်းကြေး အခမဲ့) လစဉ်ပေးစနစ်ဖြင့် ရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

realme 15T

realme C85 4G

ကနဉီးပေးသွင်းငွေကို ဘယ်လောက်ထိသွင်းလို့ရလဲ?
ဒီအထူးအစီအစဉ်မှာတော့ realme ရဲ့ အထက်ပါဖုန်းမော်ဒယ်တွေကို ကနဉီးပေးသွင်းငွေ အနည်းဆုံး ၂၀% မှ ၈၀% ထိ သွင်းနိုင်အောင်စီစဉ်ပေးထားပါတယ်။ မိမိအဆင်ပြေမယ့်ပမာဏကို ရွေးချယ်ပေးသွင်းနိုင်ပြီး လစဉ်ပေးသွင်းရမည့်ကာလကိုလည်း ၆လ ၊ ၉လ ၊ ၁၂လ စသည်ဖြင့် မိမိစိတ်တိုင်းကျ ရွေးချယ်လျှောက်ထားနိုင်ပါသည်။

လျှောက်ထားဖို့ ဘာစာရွက်စာတမ်းတွေလိုအပ်လဲ?
(၁) မှတ်ပုံတင် (မူရင်း)
(၂) အိမ်ထောင်စုစာရင်း (မူရင်း)
(အိမ်ထောင်စုစာရင်းပါလိပ်စာနှင့်လက်ရှိနေထိုင်သောလိပ်စာပြောင်းလဲမှုရှိပါကယာယီနေထိုင်မှုမှတ်တမ်းပြရန်)
(၃) ရပ်ကွက်ထောက်ခံစာ(၃ပါတ်အတွင်းပြုလုပ် ထားသော)
(သို့မဟုတ်)
နေရပ်လိပ်စာကိုအတည်ပြု ပြသနိုင်သောပြေစာတမျိုးမျိုး
(လျှောက်ထားသူ၏ နာမည်ပါ၀င်သော မီတာခွန်၊ ရေခွန်၊ အင်တာနက်ဘီလ်၊ စသည့်...)

ဘယ်မြို့နယ်တွေ လျှောက်လို့ရလဲ?
ရန်ကုန်တိုင်းအတွင်းရှိ မည်သည့် မြို့နယ်ကမဆို လျှောက်ထားနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အကျိုးရှိစွာအသုံးချနိုင်ဖို့ အွန်လိုင်းကနေ လျှောက်လွှာတင်ပြီးအလွယ်တကူလျှောက်ထား နိုင်အောင်စီစဉ်ပေးထားပါတယ်။

အွန်လိုင်းကနေ ဘယ်လိုလျှောက်ရ မလဲ?
အွန်လိုင်းကနေလျှောက်ထားလိုတယ်ဆိုရင်တော့ လိုအပ်တဲ့အချက်အလက်များကိုအောက်ပါဖောင်တွင်ဖြည့်စွက်ကာစာရင်းပေးသွင်းနိုင်ပါပြီ။ ဖောင်ဖြည့်စွက် စာရင်းသွင်းပြီးပြီဆိုရင်တော့ Rent2Own မှ လူကြီးမင်းထံသို့ အမြန်ဆုံး ဖုန်းပြန်လည်ခေါ်ဆိုပေးပြီး လျှောက်ထားမှုကို အတည်ပြုပေးမှာဖြစ်ပါတယ်

Facebook Page/ Group/ Viber အတုများဖြင့် လိမ်လည်နေမှု သတိပြု
Rent2Own ဟုအမည်ခံကာ Facebook Page/Group/Viber အတုများဖြင့် မသမာသူများမှ ငွေကြေးလိမ်လည်မှုများ ပြုလုပ်လျက်ရှိပါသည်။ Rent2Own Facebook Group မရှိပါ။
Likes & Followers ၄သိန်းခွဲကျော်ရှိသော Facebook Page တစ်ခုထဲသာ Rent2Own Official Facebook Page အစစ်ဖြစ်ပါသည်။
အွန်လိုင်းမှ လျှောက်ထားရာတွင် မည်သူ့ကိုမျှ ငွေကြိုလွှဲခိုင်းခြင်း လုံးဝ(လုံးဝ) မရှိပါ။ အကယ်၍ ဖုန်းလျှောက်ထားခြင်းအတွက် Viber/ Facebook Messenger နှင့် ဖုန်းခေါ်ဆိုဆက်သွယ်ပြီး ငွေကြိုလွှဲခိုင်းပါက Rent2Own မဟုတ်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
အောက်ပါ Digital Channel များသည်သာ Rent2Own Myanmar Official Digital Channel များ ဖြစ်ပါသည်။ ပုံကိုနှိပ်၍ ဝင်ရောက်လေ့လာနိုင်ပါသည်။