y&dabm* ypönf;awGudk
tGefvdkif;uae avSsmufMu&atmif
Rent 2 Own ကနေ အိမ်သုံး ၊ ရုံးသုံး ပရိဘောဂပစ္စည်းများဖြစ်တဲ့ အလူမီနီယံဗီရို၊ ကြိတ်သားဗီရို၊ ခုတင်၊ မွေ့ယာ၊ မှန်တင်ခုံ ၊ စားပွဲ ၊ ထိုင်ခုံ အစရှိတဲ့ပစ္စည်းများကိုလည်းအရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်ပါပြီ။
ပုံငွေဘယ်လောက်ထိသွင်းလို့ရလဲ?
မိမိဝယ်ယူတဲ့ ပရိဘောဂပစ္စည်းအပေါ်မူတည်ပြီး ပုံငွေကို ၂၀% မှ ၅၀% ထိ သွင်းနိုင်အောင်စီစဉ်ပေးထားပါတယ်။ မိမိအဆင်ပြေမယ့်ပမာဏကိုရွေးချယ်ပေးသွင်းနိုင်ပြီး လစဉ်ပေးသွင်းရမည့်ကာလအား ဖြင့် ၆လ ၊ ၉လ ၊ ၁၂လ စသည်ဖြင့်အရစ်ကျပေးချေနိုင်ပါသည်။
လျှောက်ထားဖို့ ဘာစာရွက်စာတမ်းတွေလိုအပ်လဲ?
(၁) မှတ်ပုံတင် (မူရင်း)
(၂) သန်းခေါင်စာရင်း (မူရင်း)
(၃) ရပ်ကွက်ထောက်ခံစာ(၁၄ရက်အတွင်း ပြုလုပ်ထားသော)
(၄) ထောက်ခံသူ၏ မှတ်ပုံတင် (မူရင်း)
(၅) ထောက်ခံသူ၏ သန်းခေါင်စာရင်း (မူရင်း)
*ကနဦးပေသွင်းငွေ ၄၀% နှင့်အထက်ထောက်ခံသူမလို*
(၆) အိမ်သုံးအခွန်စာရွက်တစ်မျိုးမျိုး
(ဥပမာ-အနီးစပ်ဆုံးလအတွက် ပေးဆောင်ပြီးသော မီတာခွန်၊ ရေခွန်၊ စသည် ...)
ဘယ်မြို့နယ်တွေမှာ လျှောက်လို့ရလဲ?
ရန်ကုန်တိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး ၊ မွန်ပြည်နယ်အတွင်းက Rent 2 Own ရုံးခွဲများမှာ မည်သူမဆို လွယ်ကူ လျင်မြန်စွာသွားရောက်လျှောက်ထားနိုင်ပါတယ်။ ဒါ့အပြင်မိတ်ဆွေတို့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အကျိုးရှိစွာအသုံးချနိုင်ဖို့ အွန်လိုင်းကနေလျှောက်ထားနိုင်အောင်လည်းစီစဉ်ပေးထားပါတယ်။
အွန်လိုင်းကနေဘယ်လို လျှောက်ရမလဲ?
အွန်လိုင်းကနေလျှောက်ထားလိုတယ်ဆိုရင်တော့ လိုအပ်တဲ့အချက်အလက်များကိုအောက်ပါဖောင်တွင်ဖြည့်စွက်ကာစာရင်းပေးသွင်းနိုင်ပါပြီ။ ဖောင်ဖြည့်စွက်စာရင်းသွင်းပြီးပြီဆိုရင်တော့ Rent 2 Own မှလူကြီးမင်းထံသို့ တစ်နာရီအတွင်းဖုန်းပြန်လည်ခေါ်ဆိုပေးပြီး လူကြီးမင်း၏ လျှောက်လွှာကိုအတည်ပြုပေးမှာ ဖြစ်ပါတယ်။ပြီးရင်တော့နီးစပ်ရာ Rent 2 Own ရုံးကိုသွားရောက်ပြီး ပစ္စည်းထုတ်ယူရုံပါပဲ။ လွယ်ကူမြန်ဆန်လို့အခုပဲလျှောက်ထားလိုက်တော့နော် ...။