မိုဘိုင်းဖုန်းတွေကို အွန်လိုင်းကနေ လျှောက်ကြရအောင်
မိုဘိုင်းဖုန်းအသစ်လဲဖို့စိတ်ကူးနေတာလား ? ဖုန်းအသစ်လဲကိုင်ချင်တယ် ပိုက်ဆံလဲ တစ်လုံးတခဲထဲမသုံးချင်ဘူးဆိုတဲ့ ရန်ကုန်မြို့က လူကြီးမင်းများအတွက် Rent2Own မှ လစဉ်ပေးစနစ်ဖြင့် ၀န်ဆောင်မှုများပေးနေပါပြီ။ အောက်ဖော်ပြပါ မိုဘိုင်းဖုန်းအမှတ်တံဆိပ်များအပြင်မည်သည့် မိုဘိုင်းဖုန်းအမှတ်တံဆိပ်ကိုမဆို လစဉ်ပေးစနစ်ဖြင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါရစေ။
-
Samsung
-
Huawei
-
Xiaomi
-
Oppo
-
Vivo
-
Apple
-
Realme
-
Tecno
-
POCO
-
အခြားမိုဘိုင်းဖုန်းအမှတ်တံဆိပ်များ
ပုံငွေဘယ်လောက်ထိသွင်းလို့ရလဲ?
မိမိဝယ်ယူတဲ့ ဖုန်းအမျိုးအစားအပေါ်မူတည်ပြီး ပုံငွေကို ၂၀% မှ ၅၀% ထိ သွင်းနိုင်အောင်စီစဉ်ပေးထားပါတယ်။ မိမိအဆင်ပြေမယ့်ပမာဏကို ရွေးချယ်ပေးသွင်းနိုင်ပြီး လစဉ်ပေးသွင်းရမည့်ကာလကိုလည်း ၆လ ၊ ၉လ ၊ ၁၂လ စသည်ဖြင့်မိမိစိတ်တိုင်းကျ ရွေးချယ်လျှောက်ထားနိုင်ပါသည်။
လျှောက်ထားဖို့ ဘာစာရွက်စာတမ်းတွေလိုအပ်လဲ?
(၁) မှတ်ပုံတင် (မူရင်း)
(၂) သန်းခေါင်စာရင်း (မူရင်း)
(၃) ရပ်ကွက်ထောက်ခံစာ(၃ပါတ်အတွင်းပြုလုပ်ထားသော)
(သို့မဟုတ်)
နေရပ်လိပ်စာကိုအတည်ပြု ပြသနိုင်သောပြေစာတမျိုးမျိုး
(လျှောက်ထားသူ၏ နာမည်ပါ၀င်သော မီတာခွန်၊ ရေခွန်၊ အင်တာနက်ဘီလ်၊ စသည့်...)
ဘယ်မြို့နယ်တွေ လျှောက်လို့ရလဲ?
ရန်ကုန်မြို့အတွင်း မည်သည့်မြို့နယ်ကမဆို လျှောက် ထားနိုင်ပါတယ်။ မိတ်ဆွေတို့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အကျိုးရှိစွာအသုံးချနိုင်ဖို့ အွန်လိုင်းကနေ လျှောက်လွှာတင်ပြီး အလွယ်တကူလျှောက်ထား နိုင်အောင်လည်းစီစဉ်ပေးထားပါတယ်။
အွန်လိုင်းကနေဘယ်လို လျှောက်ရမလဲ?
အွန်လိုင်းကနေလျှောက်ထားလိုတယ်ဆိုရင်တော့ လိုအပ်တဲ့အချက်အလက်များကိုအောက်ပါဖောင်တွင်ဖြည့်စွက်ကာစာရင်းပေးသွင်းနိုင်ပါပြီ။ ဖောင်ဖြည့်စွက် စာရင်းသွင်းပြီးပြီဆိုရင်တော့ Rent 2 Own မှ မိတ်ဆွေထံသို့ တစ်နာရီအတွင်းဖုန်းပြန်လည်ခေါ်ဆိုပေးပြီး လျှောက်ထားမှုကို အတည်ပြုပေးမှာဖြစ်ပါတယ်
Facebook Page/ Group/ Viber အတုများဖြင့် လိမ်လည်နေမှု သတိပြု
Rent2Own ဟုအမည်ခံကာ Facebook Page/Group/Viber အတုများဖြင့် မသမာသူများမှ ငွေကြေးလိမ်လည်မှုများ ပြုလုပ်လျက်ရှိပါသည်။ Rent2Own Facebook Group မရှိပါ။
Likes & Followers ၄သိန်းကျော်ရှိသော Facebook Page တစ်ခုထဲသာ Rent2Own Official Facebook Page အစစ်ဖြစ်ပါသည်။
အွန်လိုင်းမှ လျှောက်ထားရာတွင် မည်သူ့ကိုမျှ ငွေကြိုလွှဲခိုင်းခြင်း လုံးဝ(လုံးဝ) မရှိပါ။ အကယ်၍ ဖုန်းလျှောက်ထားခြင်းအတွက် Viber/ Facebook Messenger နှင့် ဖုန်းခေါ်ဆိုဆက်သွယ်ပြီး ငွေကြိုလွှဲခိုင်းပါက Rent2Own မဟုတ်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
အောက်ပါ Digital Channel များသည်သာ Rent2Own Myanmar Official Digital Channel များ ဖြစ်ပါသည်။ ပုံကိုနှိပ်၍ ဝင်ရောက်လေ့လာနိုင်ပါသည်။